-
Tuesday, 26 July 2011
Friday, 22 July 2011
Tuesday, 19 July 2011
မိမိကွန်နက်ရှင်နှစ်ဆမြန်အောင်လုပ်နည်း
Internet Speed မြန်အောင်လုပ်နည်း
ကျွန်တော်တို့ သုံးနေတဲ့ ကော်နက်ရှင် ကို ကျွန်တော်တို့ သုံးနေတဲ့ စက်ကနေ connection speed ပိုမြန်လာအောင်လုပ်တဲ့နည်းလေး ကိုပြောပါ့မယ်။Run ကို အရင်သွားပါ။ ပြီးတာ့ gpedit.msc လို့ ရိုက်ပြီးတော့ OK ပေး လိုက်ပါ။အဲဒီလို နှိပ်လိုက်ရင် Group Policy Box လေး ပေါ်လာရင် Administrative Templates ကိုနှိပ်ပြီးတော့ ဘေးနား က Network ကို နှစ်ချက်နှိပ်ပါ။ ပြီးရင် QoS Packet Scheduler ကို နှစ်ချက်ဆက်နှိပ်ပါ။ ပြီးတော့ limit reservable bandwidth ကိုလည်းနှစ်ချက်ဆက်နှိပ်လိုက်ရင် Box ကလေး ကျလာပါလိမ့်မယ်။
အဲဒီလို ကျ လာရင် အဲဒီ Box လေး ထဲက Not Configured ကို ဖြုတ် Enable ကို On ပေး ။ ပြီးတော့ အောက်က Bandwidth limit (%) 20 ကို 0 ပြောင်း ပြီးတော့ Apply => OK လုပ်လိုက်ရင် ရပါပြီဗျာ..။
လိုအပ်ရင်ဆက်သွယ်ပါဗျာ့ zawthutwin.ztw@gmail.com
ကောင်းကင်ကြီး
မိုးကောင်းကင်
ဇော်သိင်္ခရဲ့ မိုးကောင်းကင်လေးအောက်သို့ ရောက်လာသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ...
Sunday, July 17, 2011
ဗိုလ်ချုပ်အောင်ဆန်း - (၁၉၁၅-၁၉၄၇)
(၆၄) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မူလတန်း ကျောင်းသားဘဝက အမြဲရွတ်ဆိုခဲ့ရလို့ အခုချိန်ထိ အလွတ်ရခဲ့သော ဘယ်တော့မှ မမေ့နိုင်သော ဗိုလ်ချုပ်အောင်ဆန်း ကဗျာလေးနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အကြောင်းလေးကို အမှတ်တရ အနေနဲ့ ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်။
သိကြ များခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်။
ပြောင်းကြွတမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဆောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
ဗိုလ်ချုပ်ချမှတ်သွား။
ဗိုလ်ချုပ်အောင်ဆန်း - (၁၉၁၅ - ၁၉၄၇)
မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးနှင့် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား မြန်မာနိုင်ငံ မကွေးတိုင်းရှိ မြေလတ်ဒေသ နတ်မောက်မြို့ကလေးတွင် မြန်မာသက္ကရာဇ် ၁၂၇၆၊ တပေါင်းလဆန်း ၁ ရက် (ခရစ် ၁၉၁၅၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့ နံနက် ၅ နာရီ၊ ၃၅ မိနစ်တွင် ဦးဖာ (တတိယတန်းရှေ့နေ) ဒေါ်စုတို့မှ ဖွားမြင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဇာတာအမည်မှာမောင်ထိန်လင်းဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါကမျှ ထိန်းလင်းဟု မခေါ်ဟုဆို၏။ နောက်တွင် အကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ် တွင်လေသည်။ မိခင်ဒေါ်စု၏ သားသမီးကိုးယောက်အနက် မောင်အောင်ဆန်းသည် အထွေးဆုံးဖြစ်သည်။ ဗိုလ်ချုပ်၏မွေးချင်းများမှာ (၁) မခင်ညွှန့် (လယ်ဝန်ကတော်)၊ (၂) မ၀က် (အိမ် ထောင်မပြု) (၃) မောင်ဘ၀င်း (ဘီအေ၊ ဘီအက်စ်စီ၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ကျဆုံးခဲ့ရသူ)၊ မရွှေမှန် (ငယ်စဉ်ကွယ်လွန်)၊ (၅) မောင်နေအောင် (အမိန့်တော်ရရှေ့နေ)၊ (၆) မောင်ညိုမောင် (ငယ်စဉ်က ကွယ်လွန်)၊ (၇) မောင်ထွန်း လင်း၊ (၈) မောင်အောင်သန်း (ဘီအေ)၊ (၉)မောင်အောင်ဆန်းတို့ဖြစ်ကြသည်။
ကိုအောင်ဆန်းသည် ရှစ်နှစ်သားအရွယ်မှ ကျောင်းနေရသော်လည်း ဉာဏ်ကောင်းသူဖြစ်သောကြောင့် အသက် ၁၂ နှစ်အရွယ်တွင် မြန်မာ လေးတန်းသို့ တက်ရောက်ခဲ့သည်။ ထိုစဉ်က အင်္ဂလိပ် - မြန်မာ စာသင်ကျောင်းတွင် စာသင်နေကြပြီဖြစ်သော အစ်ကိုများကို အားကျလာ သောကြောင့် ကိုအောင်ဆန်းအား အင်္ဂလိပ်-မြန်မာ စာ သင်ကျောင်းသို့ ပို့ပေးရလေသည်။ ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာ အဖြစ် အမှုထမ်းနေသော အစ်ကိုဖြစ်သူ ဦးဘ၀င်းနှင့်အတူလိုက်နေကာ ရေနံချောင်းအမျိုးသားကျောင်းတွင် ဆက် လက်ပညာသင်ကြားခဲ့သည်။ ကိုအောင်ဆန်းသည် ပညာလိုလားသူဖြစ်သောကြောင့် အတန်းတိုင်းတွင် ထူးချွန်သည်။ ခုနစ်တန်းစာမေးပွဲ တွင် အမှတ်အများဆုံးရသဖြင့် ဦးရွှေခို ရွှေတံဆိပ်ချီးမြင့်ခြင်းခံရလေသည်။ ထို့ပြင် တစ်လ (၁၀) ကျပ် သုံးနှစ်အတွင်း စကောလားရှစ်ရသည်။
၁၉၃၂ တွင် ရေနံချောင်း အမျိုးသားကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်၍ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်ကျောင်းတွင် ကိုအောင်ဆန်းသည် ကျောင်းစာသက်သက်ကိုသာ လေ့ ကျက်မှတ်နေသူမဟုတ်။ အပြင်ဗဟုသုတ အများအပြားကိုလည်း လေ့လာဖတ်ရှုသူဖြစ်သည်။ အထူးသဖြင့် သူ့အခန်းထဲတွင် နိုင်ငံရေးနှင့်ပတ်သက်သော စာနယ်ဇင်းများစွာ တွေ့မြင်နိုင်လေသည်။ ကိုအောင်ဆန်းသည် တက္ကသိုလ်ရောက်သည်နှစ်တွင် ရန်ကုန်တက္ကသိုလ်တွင်ရှိသော မကွေးအသင်းဝင်ဖြစ်ခဲ့သည်။ အသင်းဝင်ဖြစ်ေ သ်ာလည်း မကွေးအသင်းမှ ကြီးမှူးကျင်းပသည့် မိတ်ဆက်ဧည့်ခံပွဲများကျင်းပခြင်း၊ အငြိမ့်ခံခြင်းများကို မကြို က်နှစ်သက်ချေ။ ၁၉၃၂ -၃၃ အတွက် မကွေးအသင်းဥက္ကဌဖြစ်လာသောအခါ အငြိမ့်ခံခြင်း ပကာသနဖက်သော မိတ်ဆက်ခံပွဲများ မပြုလုပ်သည်သာမက သူဥက္ကဋ္ဌဖြစ်သော နှစ်တွင်ပင် မကွေးအသင်းကိုပင် ဖျက်သိမ်းပစ် လိုက်သည်။
ကိုအောင်ဆန်းသည် ၁၉၃၄ တွင် ဥပစာဝိဇ္ဇာ ဒုတိယနှစ်စာမေးပွဲကို (ခုံအမှတ် ၂၃၁) ဖြင့် အောင်မြင်ပြီးနောက် ၀ိဇ္ဇာပထမနှစ် (ဘီအေဂျူနီယာ) တွင် တက်ရောက်သင်ယူသည်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အမှုဆောင် ရွေးကောက်ပွဲဝင်ရာတွင် ရှုံးနိမ့်ခဲ့သည်။ သို့သော် ၁၉၃၅-၃၆ တွင် တက္ကသိုလ်သမဂ္ဂ အမှုေ ဆာင်လူကြီးများအတွက် ရွေးကောက်ပွဲကျင်းပရာ ကိုအောင်ဆန်းသည် အမှုဆောင်အဖြစ် အရွေးခံရလေသည်။ ယင်းနောက် တက္ကသိုလ်သမဂ္ဂ၏ မဂ္ဂဇင်းဖြစ်သော အိုးဝေမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင် ရွက်ရလေသည်။ မဂ္ဂဇင်းအယ်ဒီတာဘ၀တွင် မိမိအနှစ်နှစ်အလလက လေ့လာမှတ်သားဖတ်ရှုခဲ့ရသော နိုင်ငံရေး ဗဟုသုတများကို ဆောင်းပါးအဖြစ် အိုးဝေမဂ္ဂဇင်းတွင်ရေးသားခဲ့သည်။
တာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်းကိုယ်တိုင်တည်းဖြတ်ထုတ်ဝေနေသော အိုးဝေမဂ္ဂဇင်း (အတွဲ - ၅၊ အမှတ် - ၁) တွင် အင်္ဂလိပ်ကဏ္ဍ ပိုင်း၌ ဦးညိုမြသည် ယမမင်းကလောင်အမည်ဖြင့် The Hell Hound At Large (ငရဲခွေးကြီး လွတ်ပြေးနေသည်) အမည်ရှိ အယ်ဒီတာထံပေးစာတိုလေးကြောင့် ရန်ကုန်တက္က သိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့စ် (D.J.Sloss) က ထိုးပေးစာသည် တက္ကသိုလ်အာဏာပိုင်တစ်ဦး အားထိ ပါးပုတ်ခတ်သည်ဟု ယူဆသည်။ ထိုကြောင့် ပေးစာရေးသူအမည်ကို ဖော်ထုတ်ပေးရန် အယ်ဒီတာကိုအောင် ဆန်းအား တောင်းဆို လိုက်သည်။ သို့သော် အယ်ဒီတာကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်ဝတ္တရားအရ ကလောင်အမည်ကို ဖွင့်ဟထုတ်ဖော်ပြောဆိုရန် ငြင်းပယ်လိုက်သည်။ ထိုအခါ အယ်ဒီတာကိုအောင်ဆန်း အား ကျောင်းမှထုတ်ပစ်ရန် တက္ကသိုလ်အာဏာပိုင်များ ကြံရွယ်နေကြောင်း သတင်းထွက်ပေါ်လာသည်။
ဤဖြစ်ရပ်မတိုင်မီ တက္ကသိုလ်သမဂ္ဂဥက္ကဌကိုနုအား အမျိုးသားနေ့ မိန့်ခွန်းနှင့်ပတ်သက်၍ ၁၉၃၆ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျောင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ ဤသို့ သမဂ္ဂနှင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာကို ကျောင်းမှ ထုတ်ပစ်လိုက်ခြင်းသည် ကျောင်းသားထုတစ်ရပ်လုံးကိုစော်ကားခြင်းဟု သမဂ္ဂကယူဆသည။် ထို့ကြောင့် ၁၉၃၆ ခု၊ ဖေဖော်ဝါရီလ၂၅ ရက်နေ့တွင် ဒုတိယအကြိမ် ကျောင်းသားသပိတ်ကို သမဂ္ဂက ဦးဆောင် ၍ ကျောင်းသားများ တညီတညွတ်တည်း ဆင်နွှဲခဲ့ကြသည်။ သပိတ်တိုက်ပွဲပြီးသောအခါ တက္ကသိုလ်အာဏာပိုင် များက ကိုအောင်ဆန်းကို ကျေင်းပြန်နေခွင့်ပေးရသည်။ ကိုအောင်ဆန်းသည် ၁၉၃၆-၃၇ တွင် ဘီအေစီနီယာ တန်းကို ပြန်တက်ရာ ပဲခူးဆောင် အခန်းအမှတ် ၁၁၃ တွင် ဆက်လက်နေထိုင်သည်။ ထိုနှစ်တွင် ပဲခူးဆောင် သဟာယအသင်းတွင် အောင်ဆန်းသည် အမှုဆောင်အဖြစ် ပြိုင်ဘက်မရှိ အရွေးခံရသည်။ ယင်းနောက် ပဲခူး သဟာယအသင်းနှင့် စာဖတ်အသင်းတို့တွင် ကိုအောင်ဆန်းသည် ဥက္ကဌအဖြစ်ဆောင်ရွက်သည်။ ထို့ပြင် ၁၉၃၆-၃၇ တက္ကသိုလ်သမဂ္ဂတွင် ကိုအောင်ဆန်းသည် ဒုတိယဥက္ကဌအဖြစ် အရွေးခံရသည်။ ၁၉၃၇ တွင် ကိုအောင်ဆန်းသည် အင်္ဂလိပ် စာပေ၊ ဥရောပ ရာဇ၀င်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်းကို ခုံအမှတ် ၅၆ ဖြင့် အောင်မြင်ခဲ့သည်။ ကိုအောင်ဆ8်းသည် ထိုနှစ် မေလ ၉ မှ ၁၀ ရက်နေ့အထိ မန္တလေးမြို့တွင်ကျင်း ပသော ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာညီလာခံသို့တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။
ထို့နောက် ကိုအောင်ဆန်းသည် ၁၉၃၇-၃၈ တွင် ဥပဒေပညာကို ဆည်းပူးလိုသောကြောင့် ဘီအယ်လ်တန်းကို တက်ရောက်သင်ကြားသည်။ ထိုနှစ်တွင်ပင် တက္ကသိုလ်သမဂ္ဂတွင် အရံအမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းေ ကာင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂတွင် ဥက္ကဌ အဖြစ်လည်းကောင်း အရွေးခံခဲ့ရသည်။
ကိုအောင်ဆန်းသည် ပုသိမ်၊ မော်တင်စွန်း၊ ဇီးချိုင်ရွာ ဘုန်းကြီးကျောင်းအလှူတွင် ကျောင်းသားများနှင့် ကျေး ရွာ လူထုကိုမြန်မာပြည်လွပ်လပ်ရေးရရရှိရန်အတွက်လည်း လက်နက်ကိုင်တိုက်ပွဲဆင်နွှဲမှသာ ရရှိမည်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောကြားခဲ့လေသည်။
ထို့နောက် ၁၉၃၈ - ၃၉ ခုနှစ်တွင် ကိုအောင်ဆန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌနှင့် ရန်ကုန်တက္ကသိုလ် သမဂ္ဂဥက္ကဌ အဖြစ်အရွေးခံရသော်လည်း နှစ်ဆုံးအောင်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ချေ။ နိုင်ငံေ ရးကိုဇောက်ချလုပ်ရန် ရည်သန်နေပြီဖြစ်ရကား တို့ဗမာအစည်း အရုံးသို့ ၁၉၃၈ အောက်တိုဘာလ ၁ ရက်တွင် ၀င်ရောက်ခဲ့သည်။ ထိုအချိန်မှစပြီး သခင်အောင်ဆန်းအမည်တွင်လာခဲ့သည်။ အစည်းအရုံးဝင်ပြီး များမကြာမီမှာပင် အောက်တိုဘာလကုန်တွင် တို့ဗမာအစည်းအရုံး အမှုဆောင်အဖွဲ့ဝင်၏ခန့်ထားသော အထွေထွေအ တွင်းရေးမှူးဖြစ်လာသည်။
သခင်အောင်ဆန်းသည် ၁၉၃၈၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်သမဂ္ဂဥက္ကဌအဖြစ်မှလည်းေ ကာင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌအဖြစ်မှလည်းကောင်း နုတ်ထွက်ခဲ့ပြီး သူ၏တာဝန် များကို ကိုလှရွှေ၊ ကိုဗဟိန်း၊ ကိုဗဆွေတို့အား လွှဲအပ်ပေးခဲ့သည်။
သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံးဌာနချုပ် အထွေအထွေအတွင်းရေးမှုးအဖြစ် အမျိုးသားရေးလှုပ်ရှား မှုများတွင် တက်ကြွစွာပါဝင် လုပ်ဆောင်ခဲ့မှုကြောင့် ဗြိတိသျှအစိုးရက ရန်ကုန် အရေးတကြီး လုံခြုံရေးအက် ဥပဒေအရ ၁၉၃၉ ခု၊ ဇန်န၀ါရီ ၂၃ ရက်နေ့တွင် အဖမ်းခံရကာ ထောင်ဒဏ် ၁၅ ရက် ကျခံခဲ့ရသည်။ ထို့နောက် ထောင်မှ ဖဖော်ဝါရီ ၈ ရက်နေ့တွင်လွတ်မြောက်ပြီးနောက် ဖေဖော်ဝါရီလ၂၅၊ ညသန်းခေါင် ကျော်၂ နာရီခွဲအချိန်တွင် မြို့မကျောင်းတွင်ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားခေါင်းဆောင်များ (ကျောင်း သားသပိတ်အရေးနှင့်စပ်လျဉ်းပြီး) တွေ့ဆုံဆွေးနွေးသည့်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ထိုနှစ်ဧပြီလ ၆ ရက်မှ ၉ ရက်နေ့အထိကျင်းပသော တို့ဗမာအစည်းအရုံး မော်လမြိုင်ညီလာခံတွင် အခမ်းအနား မှူးအဖြစ် တာဝန်ခံဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၉၊ ဧပြီ ၃၀ မှ မေလ ၅ ရက်နေ့အထိကျင်းပသော တို့ဗ မာအစည်းအရုံး၏ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် အထွေထွေအတွင်းအရေးမှူးအဖြစ် ရွေးကောက်ခံခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစု
ထိုနှစ် သြဂုတ် ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရေကျော်ရပ် တို့ဗမာအစည်းအရုံးတည်ရာနေရာတွင် သခင်အောင် ဆန်း၊ သခင်လှဖေ၊ ကိုဗဟိန်း၊ကိုသိန်းဖေ၊ မစ္စတာဂိုရှယ်၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံးအတွင်း တွင် ကွန်မြူနစ် (ကလာပ်စည်း) အဖွဲ့အစည်းကလေး တရပ်ကို ဖွဲ့စည်းခဲ့သည်။ သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့အရှေ့ပိုင်း ၄၉ လမ်း၊ အိမ်အမှတ် ၁၈၈ တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာတည်ထောင်ပြီး သခင်အောင်ဆန်းသည် အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။ (သခင်စိုးက စမ်းချောင်း ရပ်၊ မြေနုလမ်း၊ အမှတ် ၁၄၊ ကိုဗဟိန်းအိမ်တွင် မြေအောက်ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းသည်ဟု ဆိုသည်။)
၁၉၃၉ စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပတွင် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့လေသည်။ ထိုစစ်ကြီး မဖြစ်မီ ၂ ရက်အလိုမှာပင် တို့ဗမာအစည်းအရုံးမှ ပြည်လုံးဆိုင်ရာအလုပ်မှုဆောင်အဖွဲ့၏ အထူးအစည်းအဝေး တရပ်ကို ဒေါက်တာဘမော်အိမ်တွင် ကျင်းပကာ တို့ဗမာအစည်းအရုံးအဖွဲ့ဝင်များ၊ ဆင်းရဲသားဝံသာနုအဖွဲ့ဝင် များ၊ နပြည်တော်အဖွဲ့ဝင်များ၊ ကရင်အမျိုးသားအဖွဲ့ဝင်များ၊ ငါးပွင့်ဆိုင်အဖွဲ့ဝင်များပူးပေါင်းပြီး ဗမာ့ထွက်ရပ် ဂိုဏ်း (Burma Freedom Bloc) ကို စက်တင်ဘာလ (၁) ရက်တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့ တွင် ဒေါက်တာဘမော်ကို အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ သခင်အောင်ဆန်းအား အထွေထွေအတွင်းရေးမှူး အဖြစ်ဆောင်ရွက်ရန် တာဝန်ပေးကြသည်။
ဗမာ့ထွက်ရပ်ဂိုဏ်းကိုတည်ထောင်လိုက်ပြီးနောက် နိုင်ငံရေးလှုပ်ရှားများ အရှိန်အဟုန်ပြင်းစွာဖြင့် တစ်ခုပြီးတခု ဆင့်ကာ ဆင့်ကာ ပေါ်ထွက်လာကာ သပိတ်မှောက်မှု၊ စီတန်းလမ်းလျှောက်ပြီးအင်အားပြမှု အစရှိသည့် တော် လှန်ရေး လှိုင်းတံပိုးတို့ ပေါ်ပေါက်ခဲ့သည်။ ယင်းနိုင်ငံရေး လှုပ်ရှားမှုများကို နယ်ချဲ့အစိုးရသည် အမျိုးမျိုးနှိပ် ကွပ်ခဲ့သည်။ ကံကောင်းထောက်မသောကြောင့်သာ သခင်အောင်ဆန်းသည် နယ်ချဲ့အစိုးရကပစ်လိုက်သော ပိုက်ကွန်အတွင်းသို့ မသက်ဆင်းခဲ့ရပေ။
သခင်အောင်ဆန်းသည် မော်လမြိုင်မြို့တွင်ကျင်းပသော တို့ဗမာအစည်းအရုံးညီလာခံတွင် ဒုတိယကမ္ဘာစစ်တွင် ဗြိတိသျှနယ်ချဲ့အား မြန်မာတို့က အကူအညီမပေးသင့်ကြောင်း တရားဟောခဲ့လေသည်။
ယင်းနောက် ၁၉၄၀၊ မတ်လ ၁၂ ရက်တွင် အိန္ဒိယ ရမ်းဂါးမြို့တွင်ကျင်းပမည့် အိန္ဒိယအအမျိုးသားကွန်ဂရက် ညီလာခံသို့ သခင်အောင်ဆန်း သည် သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင် (ပန်းတနော်)၊ ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင်အုန်းဖေ၊ သခင်အုန်းမြင့်(တိုးတက်ရေး) တို့နှင့်အတူတက်ရောက်ပြီး မေလ ၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၄၀၊ ဇွန် ၅ တွင် သခင်အောင်ဆန်းသည် ရန်ကုန်တက္က သိုလ်အုပ်ချုပ်ရေးအဖွဲ့တွင် ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားများကိုယ်စားလှယ်အဖြစ် ရွေးချယ်တ င်မြှောက်ခံရသည်။
သို့နှင့် ၁၉၄၀၊ ဇွန် ၁၇ တွင် ဟသာင်္တခရိုင်၊ ဇလွန်မြို့တွင်ကျင်းပသော တို့ဗမာအစည်းအရုံးတရားပွဲတခုတွင် သခင်အောင်ဆန်းသည် ချင်းတောင်တန်းအကြောင်း ဟောပြောသောကြောင့် သခင်အောင်ဆန်းနှင့် ကျုံမငေး သခင်တင်မောင်တို့အား ကာကွယ်ရေးဥပဒေနှင့်ဖမ်းဆီးရန် ဟသာင်္တရာဇ၀တ်ဝန် မစ္စတာဇေဗီးယား (Mr.Xavier) က ၀ရမ်းထုတ်လိုက်သည်။ ကံအားလျော်စွာ ဗမာပလိပ်အရာရှိတဦး၏ အကူအညီဖြင့် ဟသာင်္တ ခရိုင်မှ လွတ်မြောက်ကာ ရန်ကုန်မြို့တွင်းတွင် ပုန်းလျှိုးနိုင်ခဲ့သည်။ ထိုအတောအတွင်း နယ်ချဲ့အစိုးရ၏အ လိုတော် ရိ ဖေဗီးယားကပင် ''သခင်အောင်ဆန်းအား ဖမ်းဆီးပေးနိုင်လျှင် ဆုငွေ ၅ ကျပ်ပေးမည်" ဟု ကြေ ညာလိုက်သည်။ ယင်းဆုငွေ ၅ ကျပ် ထုတ်ပြန်သည့် သတင်းကို ဇူလိုင်လ ၂ ရက်နေ့ထုတ် သတင်းစာများတွင် အသီးသီးပါရှိလာရာ သခင်အောင်ဆန်းကိုသာမက မြန်မာတမျိုးသားလုံးကိုပင် စော်ကားလိုက်သောကြောင့် တစ်ပြည်လုံးကရှုံ့ချခဲ့သည်။ ထိုကြောင့် ယင်းဆုငွေကို ၁၉၄၀၊ သြဂုတ် ၂၀ တွင် ပြန်လည်ရုပ်သိမ်း ပေးခဲ့ရ သည်။
သခင်အောင်ဆန်းသည် ဗြိတိသျှအစိုးရ၏ အဖမ်းမခံလိုပဲ ပြည်ပတွင်ထွက်ပြီး နိုင်ငံခြားအကူအညီရှာရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါ တီနှင့်ဆက်သွယ်ရန် သခင်အောင်ဆန်းသည် တန်လွန်ရှောင်ဟူသော တရုတ်အမည်ခံယူပြီးလည်းကောင်း၊ သခင်လှမြိုင်သည် တန်ဆူတောင်ဟူသော တရုတ်အမည်ခံယူပြီး လည်းေ ကာင်း ၁၉၄၀၊ သြဂုတ် ၈ ရက်နေ့တွင် နော်ဝေးပိုင် ''ဟိုင်လီ" (Hai Lee) သဘောင်္ဖြင့်ရန်ကုန်မှထွက်ခွာလာခဲ့ရာ ၁၉၄၀၊ သြဂုတ် ၂၄ တွင် အမွိုင်ရှိ ကူလန်စုကျွန်း (Kulangsu Island) သို့ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်း တို့သည် အမွိုင်မြို့တွင် တရုတ်ကွန်မြူနစ်ပါတီနှင့်အဆက်အသွယ်မရပဲသောင်တင်နေစဉ် မြန်မာနိုင်ငံရှိ ရဲဘော် များ၏ကြိုးပမ်းချက်အရ ဂျပန်နှင့်ဆက်သွယ်မိခဲ့သည်။
ဗိုလ်မှူးကြီး စူဇူကီး (နောင်ဗိုလ်မိုးကြိုး) သည် သခင်အောင်ဆန်းတို့အား အမွိုင်မှ ဂျပန်သို့ဆက်သွယ်ခေါ်ယူခဲ့ ရာ ၁၉၄၀၊ နိုဝင်ဘာ ၁၂ တွင် ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်းသည် ဂျပန်နိုင်ငံတွင် မြန်မာ့ လွပ်လပ်ရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ပြီးနောက် မြန်မာပြည်တွင်းရှိ ရဲဘော်ရဲဘက်များနှင့်တိုင်ပင် ရန် မြန်မာနိုင်ငံသို့ ရွှန်းတင်းမားရူးသင်္ဘောဖြင့်ရောက်ရှိပြီး ပြည်သူ့အရေးတော်ပုံပါတီဝင်များနှင့် မြန်မာ့လွတ် လပ်ရေးလုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့သည်။
သခင်အောင်ဆန်းသည် ၁၉၄၁၊ မတ် ၁၀ တွင် ရွှန်းတင်းမာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့အပြန်တွင် ရဲဘော် သုံးကျိပ် ပထမအသုတ်ဖြစ်သည့် သခင်လှဖေ (ဗိုလ်လကျာင်္)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို့ကိုခေါ်ဆောင်သွားခဲ့ရာ ၁၉၄၁၊ မတ် ၂၇ တွင် တိုကျိုမြို့သို့ရောက်ရှိခဲ့ သည်။ ထိုမှတဆင့် စစ်ပညာသင်ရန် ၁၉၄၁၊ ဧပြီတွင် ဟိုင်နန်ကျွန်းသို့သွားရောက်ခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများသင်ကြားခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၄၁၊ ဒီဇင်ဘာ ၂၆ တွင် လက်မောင်းသွေးဖောက်ပြီး သစ္စာပြုကာ ဗမာ့လွပ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁၊ ဒီဇင်ဘာ ၂၇ တွင်ဖွဲ့စည်းခဲ့သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းတွင် ဒုတိယစစ်သေနာပတိအဖြစ်ဖြင့် မြန်မာနိုင်ငံ အတွင်းချီတက်ကာ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။
၁၉၄၂၊ ဇူလိုင် ၂၇ တွင် ဂျပန်တို့က ဘီအိုင်အေကိုဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်မှူးကြီး အဆင့်ဖြင့် ဘီဒီအေ၏ စစ်သေနာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ မတ်တွင် ဗိုလ်ချုပ်ရာထူးတိုးမြှင့်ပေးခြင်းခံရသည်။
ဂျပန်အစိုးရ၏ဖိတ်ကြားချက်အရ ၁၉၄၃၊ မတ် ၁၁ တွင် ဒေါက်တာဘမော်၊ ဒေါက်တာသိမ်းမောင်၊ သခင်မြတို့နှ င့် အတူဂျပန်နိုင်ငံသို့ သွား ရောက်ခဲ့သည်။ ထိုနှစ် မတ်၂၂ တွင် တိုကျိုမြို့တွင် ဂျပန်ဘုရင်ဟီရိုဟီတို၏ တက်နေ၀န်းတံဆိပ် (တတိယအဆင့်) နှင့် စလွယ်လတ် (Third Class Order of Rising Sun With Middle Class) ကို ချီးမြှင့်ခံခဲ့သည်။ ၁၉၄၃၊ သြဂုတ် ၁ ဂျပန်ခေတ်တွင် မြန်မာနိုင်ငံအစိုးရ ဖွဲ့ စည်းသောအခါ ကာ ကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး (စစ်ဝန်ကြီး) အဖြစ် တာဝန်ယူခဲ့သည်။
ဖက်ဆစ်ဂျပန်တို့သည် မြန်မာပြည်သူတို့အား ဖိနှိပ်အုပ်ချုပ်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ဖက်ဆစ်ဂျပန်တို့ကို တော်လှန် ရန်ပြင်ဆင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄၊ သြဂုတ် ၄ မှ ၇ ရက်နေ့အထိ ပဲခူးမြို့၊ စံပြတပ်ရင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့နှင့်တွေ့ဆုံဆွေးနွေးကာ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ဖွဲ့စည်းရေးအတွက် အစည်းအဝေးခေါ် ယူခဲ့သည်။ ထိုစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းအား ၁၉၄၄၊ စက်တင်ဘာ ၄ တွင်ရန်ကုန်မြို့တွင် ဂျပန်ဘုရင် ဟီရိုဟီတို၏ မွန်မြတ်သောရတနာ (ပထမအဆင့်) ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံရသည်။
၁၉၄၅၊ မတ်၁ မှ ၃ အထိ ရန်ကုန်မြို့မှ ကန်တော်ကြီးပတ်လမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ ဗိုလ်ချုပ်အောင် ဆန်းနေအိမ်တွင် ဖက်ဆစ်ဂျပန် တို့ကို တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များချမှတ်ခဲ့သည်။
၁၉၄၅၊ မတ် ၂၇ တွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်သောအခါ ရှေ့တန်းစစ်ဌာနချုပ်တွင် တာဝန်ယူကာ ဖက်ဆစ်ဂျပန်တို့ကို တော်လှန် တိုက်ခိုက်ခဲ့သည်။ ၁၉၄၅၊ မေ ၁၆ တွင် မိတ္ထီလာမြို့တွင် ဗြိတိသျှ ဗိုလ်ချုပ် ဆာဝီလျံစလင်း (နောင်ဖီးမာရှယ်) နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
၁၉၄၅ မေ ၁၉ တွင် မိတ္ထီလာမှ ရန်ကုန်သို့ လေယာဉ်ဖြင့်ရောက်ရှိခဲ့သည်။ ၁၉၄၅၊ မေ ၁၉ တွင်ကျင်းပသော နေသူရိန်ညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနေ့မှာပင် ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ် ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
ဗမာ့တပ်မတော်အရေးနှင့်ပတ်သက်ပြီး ၁၉၄၅၊ စက်တင်ဘာ ၇ တွင် ကန္ဒီသဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့သည်။ အရှေ့တောင်အာရှ မဟာမိတ်စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်း အား ဗမာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် ဒုတိယစစ် ဆေးရေးအရာရှိချုပ် (Deputy Inspector-General) အဖြစ် ခန့်အပ်မည်ဟု ကမ်းလှမ်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်သား ဘ၀ကိုလို လားသော်လည်း သမိုင်းပေးတာဝန်ဖြစ်သည့် မပြီးဆုံးသေးသော မြန်မာ့လွပ်လပ်ရေးလုပ်ငန်းကို ဆက်လက်ေ ဆာင်ရွက်ရန် ၁၉၄၅၊ အောက်တိုဘာ ၂၇ တွင် မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burmese Forces) ၏ ဗိုလ်ချုပ်ရာထူးမှနုတ်ထွက်ခဲ့ပြီး နိုင်ငံရေးနယ် ပယ်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။
မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်ကဖဆပလအား အမှုဆောင်ကောင်စီ (၀န်ကြီးအဖွဲ့) တွင် ပါဝင်ရန် ဖိတ်ေ ခါ် ခဲ့သော်လည်း ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်က မိမိတို့တောင်းဆိုချက်များ မ ရသောေ ကြာင့် အမှုဆောင်ကောင်စီသို့မ၀င်ခဲ့ပေ။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့သည် မြန်မာပြည်သူလူထု၏ အင်အားဖြင့် မြန်မာ့ လွပ်လ ပ်ရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့သည်။ ၁၉၄၅၊ ဒီဇင်ဘာ ၁ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာ ပတိအဖြစ် တာဝန်ယူပြီး ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
၁၉၄၆၊ ဇန်န၀ါရီတွင်ကျင်းပသော ဖဆပလ ပထမဆုံးပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလဥက္ကဌအဖြစ် ပြန် လည်ရွေးကောက်တင်မြှောက်ခံရသည်။
မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်၏အုပ်ချုပ်ရေးကာလတွင် မြန်မာပြည်သူတို့၏မကျေနပ်မှု ပိုမိုကြီးထွားလာ ကာ နိုင်ငံရေးမငြိမ်မသက်ဖြစ် လာခဲ့သည်။ ထိုအခါ ဗြိတိသျှအစိုးရက ဆာဒေါ်မန်စမစ်ကို အင်္ဂလန်နိုင်ငံ သို့ပြန်ခေါ်ကာ မြန်မာနိုင်ငံဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်ကို စေလွှတ်ခဲ့သည်။
ဆာဟူးဘတ်ရန့်စ်သည် အမှုဆောင်ကောင်စီတွင်ပါဝင်ရန် ဖဆပလကို ဖိတ်ခေါ်ခဲ့သည်။ ၁၉၄၆၊ စက်တင်ဘာ ၂၆ တွင် ဗိုလ်ချုပ်အောင် ဆန်းသည် အမှုဆောင်ကောင်စီ (အမျိုးသားယာယီအစိုးရ) တွင် ဒုတိယသဘာပတိ (၀န်ကြီးချုပ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးဌာနနှင့် နိုင်ငံခြားရေးဌာနများကိုပါ တာဝန်ယူခဲ့သည်။
ဖဆပလအဖွဲ့ချုပ်သည် အမှုဆောင်ကောင်စီတွင်ပါဝင်လာပြီးနောက် ၁၉၄၆၊ နိုဝင်ဘာ ၈ တွင် ဗြိတိသျှအစိုးရ ထံ မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သည်။
ဗိုလ်ချုပ်နှင့် အင်္ဂလိပ်နန်းရင်းဝန် မစ္စတာအက်တလ
ဖဆပလ၏တောင်းဆိုချက်ကိုတုံ့ပြန်သည့်အနေဖြင့် အင်္ဂလိပ်နန်းရင်းဝန်မစ္စတာ အက်တလီ (C.R.Attlee, P.C. ., O.M.., C..H..) က ၁၉၄၆၊ ဒီဇင်ဘာ၂၀ တွင်ဗြိတိသျှပါလီမန်အောက်လွှတ်တော်တွင် မြန်မာကိုယ်စားလှယ် အဖွဲ့ကို အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့ဖိတ်ခေါ်ဆွေး နွေးမည်ဟုကြေငြာခဲ့သည်။ ဗြိတိသျှအစိုးရ၏ဖိတ်ကြားချက် အရ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်ပြည်သို့သွားရောက်ပြီး ဗြိတိ သျှအစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကာ ၁၉၄၇၊ ဇန်န၀ါရီ ၂၇ တွင် ''အောင်ဆန်း-အက် တလီစာ ချုပ်"ကို ချုပ်ဆိုခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မနှင့်တောင်တန်းဒေသများအပါအ၀င် ပေါင်းစည်းပြီး မြန်မာ့လွပ် လပ်ရေးရယူနိုင်ရန် ၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့၏ လမ်းဆုံရာ လဲချားစော်ဘွား၏ နယ်မြေအတွင်းရှိ ပင်လုံမြို့ ကလေးတွင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့နှင့်အတူ သမိုင်းဝင် ''ပင်လုံစာချုပ်" ကို ချုပ်ဆိုခဲ့ပေသည်။ ၁၉၄၇၊ ဧပြီ ၉ တွင် ကျင်းပသောတိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလအမတ်လောင်းအဖြစ် ရန်ကုန်မြို့မ (လမ်းမတော်) မဲဆန္ဒနယ်မြေမှ ၀င် ရောက်အ ရွေးခံပြီး လွှတ်တော်အမတ်အဖြစ် ပြိုင်ဘက်မရှိရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ထို့နောက် ၁၉၄၇၊ မေ ၁၉ မှ ၂၃ ထိကျင်းပသော ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၄၇၊ ဇွန် ၁၆ တွင် တိုင်းပြည်ပြုလွှတ်တော်ညီလာခံ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့်အခြေခံမူများ ကို တင်သွင်းခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၂၊ စက်တင်ဘာ ၆ တွင် မြောင်းမြမြို့နေဦးဖိုးညှင်း၊ ဒေါ်ဖွာစုတို့၏ သားသမီး ၁၀ ဦးအနက် အဌမမြောက် သမီးဖြစ်သူ သူနာပြုဆရာမ မခင်ကြည် (နောင် မဟာသီရိသုဓမ္မဘွဲ့ရ၊ အိန္ဒိယနိုင်ငံ လုံးဆိုင်ရာနှင့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)နှင့် ထိမ်းမြားလက်ထပ်ပြီး သား (၂) ဦး၊ သမီး (၂) ဦး၊ [အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်၊ သမီးထွေး (ငယ်စဉ်ကကွယ်လွန်)] ထွန်းကားခဲ့သည်။
ထို့နောက် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး) တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ကလာပ်ကို ၁၉၄၈၊ ဧပြီ ၁၁ တွင် အခြားဝန်ကြီးများနှင့်အတူ ဂျူဗလီဟောမှ အာဇာ နည်ကုန်းသို့ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ၁၁ နှစ်အကြာ ၁၉၅၉၊ မတ် ၂၇ တွင် မြန်မာ့လွပ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးကဏ္ဍအထိ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့်လူမျိုး လွပ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်းအထိမ်းအမှတ်အဖြစ် လွပ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) (Star of the Revolution) တံဆိပ်များချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရသည်။
ရေးသားသူ = သန်းဝင်းလှိုင် (မိုးမခ)
PDF file ယူချင်သူများအတွက် Download
ခင်မင်လေးစားစွာဖြင့်...
ဇော်သိင်္ခ
Friday, July 15, 2011
ဝါဆိုလပြည့် ဓမ္မစကြာနေ့
လောင်းလျာစိန္တေ၊ သန္ဓေတောထွက်
ဓမ္မစကြာ၊ ဒေသနာမြွက်
ပုန်းညက်ကြာခိုင်၊ ပျံ့လှိုင်ကြိုင်သင်း
ပဉ္စင်းတော်ပွဲ၊ ဝှဲချီးကျင်းပ
ဝါဆိုလခါ၊ ဗြုဗ္ဗာနက္ခတ်
ကရကဋ်ရာသီ၊ ဆင်တာရာကြည်ရွှန်း
တင့်ထွန်းဝင်းပ၊ ဗုဒ္ဓအမွေ
ရွှန်းဝေဖြာလှစ်၊ ဝေဿန္တလျှင်
ကြည်လင်သာမော၊ တောမိဂဒါဝုန်
ရဂုံကြိုင်လျှမ်း၊ စုံမြိုင်နန်းတွင်
ပဉ္စဝဂ္ဂီ၊ ငါးလီထေရ်အား
တရားဦးမွန်၊ ဟောလှစ်ညွှန်ပြ
မဇ္ဈိမ, ပဋိပဒါ၊ သစ္စာလေးဝ
ဒုက္ခ, သမုဒယ၊ နိရောဓနှင့်
မဂ္ဂတစ်ဖန်၊ မှန်တရားတို့
လက်ဖဝါးတွင်၊ ပတ္တမြားတင်အလား
ထင်ရှားပေါ်လွင်၊ မြင်သာအောင်ပြ
လောကသုံးသွယ်၊ ဝဋ်ပင်လယ်မှ
လွတ်လွယ်စေရာ၊ ဗြဟ္မာနတ်လူ
ကျွတ်ဆုယူလျက်၊ ဓမ္မစကြာ
ချိန်အခါကျ၊ ဓမ္မပူဇာ
ဒေသနာကို၊ ဘာဝနာသဘော
အာရုံစောညွှတ်၊ ပူဇော်ဝပ်တွား
ကြည့်ညိုအားဖြင့်၊ ရွတ်ပွားသရဇ္ဈာယ်ကြပါကုန်။ ။
ဦးအောင်မွန်(မဟာဝိဇ္ဇာ)
26.7.2010 ရက် ကြေးမုံ သတင်းစာ ပါ... ဝါဆိုလပြည့်နေ့ ကဗျာလေးကို မနှစ်ကလည်း ဖော်ပြခဲ့ပေးခဲ့ဖူးပါတယ်။ ဒီနှစ် ဝါဆိုလပြည့်နေ့မှာလည်း ဝါဆိုလပြည့်အမှတ်တရအနေနဲ့ ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။
ခင်မင်လေးစားစွာဖြင့်...
ဇော်သိင်္ခ
Monday, July 11, 2011
၁၁.၇.၂၀၁၁ ၊ ဆွမ်းလောင်းအသင်း (၂) နှစ်ပြည့် ဆွမ်းလောင်းလှူပွဲ မှတ်တမ်းဓာတ်ပုံများ
စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း နှစ်နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းလောင်းလှူပွဲကို ယနေ့ ၁၁.၇.၂၀၁၁ ခုနှစ် တနင်္လာနေ့ နံနက် ၅ နာရီ အချိန်တွင် ကျင်းပရာ ကြွရောက်လာကြသော သံဃာ တော် အပါး ၈၀၀ ကျော်တို့အား မေတ္တာရှင် ဆရာတော်နှင့်အတူ အလှူရှင်ဒါယကာ၊ ဒါယိကာမများမှ နတ်သုဒ္ဓါဆွမ်းလောင်းလှူပြီး၊ ဗလာမပါ စာရေးတံမဲများ မဲ ဖောက်လှူဒါန်းပေးခဲ့သည့် အပြင် လှူဖွယ် ပစ္စည်းမျိုးစုံတို့ဖြင့် လောင်းလှူ ပူဇော်ခဲ့သည့် မှတ်တမ်း ဓာတ်ပုံလေးများကို အများပြည်သူများ ကြည်ညိုသဒ္ဒါပွားများ ကုသိုလ်ယူ၊ သာဓုခေါ်ဆိုနိုင်ကြစေရန်အတွက် ဖော်ပြပေးလိုက်ရပါသည်။
အထူးအစီအစဉ်အနေဖြင့်
ဆွမ်းလောင်းအသင်းအစီအစဉ်ကို live အနေဖြင့် ၁၁.၇.၂၀၁၁ ရက်နေ့ မြန်မာစံတော်ချိန် ၄း၃၀ အချိန်မှစ၍ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း web စာမျက်နှာ ဖြစ်သော www.everyoneit.com မှ တိုက်ရိုက်ထုတ်လွှင့်မှုများလင့်မှတဆင့် http://www.myanmartube.net/video/9/ တွင် မြန်မာစံတော်ချိန် ၆း၃၀ အချိန်အထိ တကမ္ဘာလုံးသို့ထုတ်လွှင့်ပေးခဲ့ပါသည်။
ထိုအစီအစဉ်များကို http://www.myanmartube.net/2011/06/myittarshin/ တွင် ပြန်လည်ကြည့်ရှု ကြည်ညိုနိုင်ကြပါသည်။အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...။
ခင်မင်လေးစားစွာဖြင့်...
ဇော်သိင်္ခ
ဇော်သိင်္ခ
Sunday, July 3, 2011
ဆွမ်းလောင်းအသင်း(၂)နှစ်ပြည့်ဆွမ်းလောင်းလှူခြင်း နှင့်လမ်း၊ကုဋီရေစက်ချပွဲ တရားပွဲဖိတ်ကြားခြင်း
စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း ကို နိုင်ငံအသီးသီးရှိ ညီအစ်ကို မောင်နှမများ၏ ကြိုးစားမှု ၊ လှူဒါန်းမှုတို့နှင့် အတူ ဦးဇင်း ဦးကောဝိဒ၏ ကြိုးစား ဆောင်ရွက်မှု၊ ဝေယျာဝစ္စကုသိုလ်ရှင်တို့၏ တက်ကြွစွာဖြင့် ပါဝင်ကုသိုလ်ယူဆောင်ရွက်ပေးမှုတို့ကြောင့် ယနေ့တိုင် အစစအရာရာ အဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ပါသည်။ စစ်ကိုင်းတောင်ရိုးရှိ သံဃာတော် အရှင်သူမြတ်အပါး (၄၀၀)ကျော်တို့ အတွက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကို အပတ်စဉ် တနင်္လာနေ့တိုင်း လောင်းလှူနေသည့်အပြင် ကြားရက်များတွင်လည်း မွေးနေ့အလှူရှင်များစွာ မကြာခဏ ပေါ်ပေါက်လာသည့်အတွက်လည်း ထိုရက်များပါ ဆွမ်းလောင်းလှူလျက်ရှိသောကြောင့် သံဃာတော်များအတွက် ဆွမ်း ကိစ္စ အဆင်ပြေသဖြင့် ဝမ်းသာပီတီ ဖြစ်ကြရပါသည်။ ယခုအခါ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း အသင်းသည် ၁၁.၇.၂၀၁၁ခုနှစ် တနင်္လာနေ့တွင် (၂)နှစ်ပြည့် မြောက်ခဲ့ပြီး ဖြစ်သဖြင့် ထိုနေ့တွင် မေတ္တာရှင်ဆရာတော် ဦးဆောင်သာအဖွဲ့မှ သံဃာတော် အပါး ၄၀၀ ကျော်တို့အတွက် အရုဏ်ဆွမ်းကပ်လှူခြင်း နှင့် နေ့ဆွမ်းကိုလည်း နတ်သုဒ္ဓါဒံပေါက်ဆွမ်းများ လောင်းလှူမည့်အပြင် သံဃာတော် အားလုံးအတွက် ဗလာမပါ စာရေးတံမဲများလည်း မဲဖောက် လှူဒါန်းသွားမည် ဖြစ်ပါသည်။
ထိုနေ့မနက် အချိန်တွင်လည်း မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့ မှ ဆောင်ရွက်လှူဒါန်းလျှက်ရှိသော စစ်ကိုင်းမြို့၊ မြရတနာ အနာကြီးရောဂါသည် ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆောက်လုပ်လှူဒါန်းထားသော နှစ်ခန်းတွဲ ရေလောင်းကုဋီ ရေစက်ချပွဲနှင့် အတူ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်းအနီး သီလရှင်ကျောင်းတိုက်များသို့ သွားသော ပေ ၅၅၀ ကျော်ရှိ လမ်းကို ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအတွက် လမ်းရေစက်ချပွဲ များကိုလည်း ကျင်းပ သွားမည်ဖြစ်ပါသည်။
ထို့အပြင် သြဝါဒ ဆရာတော်ကြီးများမှလည်း အောက်ပါ အစီအစဉ်အတိုင်း တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးချီးမြှင့်သွားမည် ဖြစ်ပါသည်။
၁၁.၇.၂၀၁၁ ရက်နေ့ည ၇း၃၀ အချိန်တွင် စစ်ကိုင်းတောင်ရိုး မြစကြာ ကျောင်းတိုက် ဦးစီးပဓါန နာယကဆရာတော် အရှင်ဣန္နကာ ဘိဝံသ အရှင်သူမြတ်မှ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး ချီးမြှင့်မည်ဖြစ်ပြီး……
၁၂.၇.၂၀၁၁ ရက်နေ့ည ၇း၃၀ အချိန်တွင် အရှင်ဇဝန မေတ္တာရှင် (ရွှေပြည်သာ) အရှင် သူမြတ်မှ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးချီးမြှင့်သွားမည်ဖြစ်၍ တရားတော်နာ ကြွရောက်ကြပါရန်နှင့် အလှူရှင်များအနေဖြင့်လည်း ဆွမ်းလောင်းလှူခြင်း နှင့် အတူ ရေစက်ချ တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြား အသိပေးအပ်ပါသည်။
ဆွမ်းလောင်းအသင်း တည်နေရာ။ ။ သဒ္ဓမ္မပါလကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်း၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တောင်ဘက်၊ စစ်ကိုင်းမြို့။
တရားပွဲ ကျင်းပမည့်နေရာ။ ။ စစ်ကိုင်းမြို့ ဆင်များရှင် ဘုရားရင်ပြင်။
အထူးအစီအစဉ်အနေဖြင့် စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း နှစ်ပတ်လည် အစီအစဉ်များကို ၁၁.၇.၂၀၁၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၅း၀၀ နာရီအချိန်မှစတင်၍ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ဆိုက်မှ တိုက်ရိုက် ထုတ်လွှင့်မှုများလင့်ကိုနှိပ်၍ LIVE VIDEO ကြည့်ရန် ဤနေရာတွင် နှိပ်ပါဆိုသော နေရာကို တစ်ချက်နှိပ်၍
Monastery Live Channel
Select Channel နေရာတွင် monastery ဆိုသောခလုပ်ကိုနှိပ်လိုက်ပါ။
ဆွမ်းလောင်းလှူခြင်းအစီအစဉ်များကို တိုက်ရိုက်ကြည်ညိုနိုင်ကြပါသည်။
ခင်မင်လေးစားစွာဖြင့်...
ဇော်သိင်္ခ
Friday, July 1, 2011
မေတ္တာရှင်ဖောင်ဒေးရှင်း အဖွဲ့၏ ရေတွင်းအလှူ
ရေလှူရခြင်း၏ အကျိုးသည် ဆု မတောင်းပဲ ပြည့်သည်ဟု ဗုဒ္ဓတရားတော်များတွင် အဆိုရှိသည့် အတိုင်း ရေလှူရခြင်း၏ အကျိုးဆယ်ပါးကို ဖော်ပြပေးလိုက်ရပါသည်။













``လျင်မြန် ၊ သန့်ရှင်း၊ စင်ကြယ်ခြင်းနှင့် လွတ်ကင်းမွတ်သိပ်၊ မဆိတ်ခြံရံ၊
ဒီဃံသက်ရှည်၊ ရုပ်ရည်ဆင်းလှ၊ သုခခွန်အား၊ ပညာများ၊ ဆယ်ပါး ရေအကျိုး။``
******************
ဒီဃံသက်ရှည်၊ ရုပ်ရည်ဆင်းလှ၊ သုခခွန်အား၊ ပညာများ၊ ဆယ်ပါး ရေအကျိုး။``
******************
မကွေးတိုင်း၊ မခုက္ကူခရိုင်၊ မြိုင်မြို့နယ် အတွင်းရှိ မကျီးစု ရွာကလေးသည် အိမ်ခြေ နှစ်ရာကျော် ရှိသော ရွာကလေးတစ်ရွာဖြစ်ပါသည်။ ထိုဒေသများရှိ ကျေးရွာများတွင် သောက်သုံးရေ အဖြစ် အသုံးပြုရန်နှင့် ကျွဲ၊ နွားများအတွက်အသုံးပြုရန် ရေများကို ကျေးရွာ တစ်ရွာလျှင် အဝီင်္စိ ရေတွင်း တစ်တွင်းနှုန်းဖြင့် အသုံးပြုလျက် ရှိကြပါသည်။ ထိုမကျီးစု ရွာကလေးသည်လည်း လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ကျော်က တူးဖော်ထားသော အဝီစိရေတွင်း တစ်တွင်းသာ ရှိပါသည်။ ထိုရေတွင်းတစ်တွင်းမှ ထွက်သောရေများကို တစ်ရွာလုံးအတွင်းရှိ လူနှင့် ကျွဲ၊ နွားများအတွက် အသုံးပြုကြရပါသည်။ ယခုအခါ ထိုရေတွင်းသည် နှစ်ပေါင်း မြောက်များစွာ ကြာမြင့်လာသဖြင့် ရေခမ်းခြောက်မှု ဖြစ်ပေါ်ပြီး ရေတွင်းမှ ရေခမ်းသွားသည်မှာ လေးလ နီးပါး ရှိလာသည်ဖြစ်ပါသည်။ ထိုရေတွင်းမှ ရေမရရှိတော့သဖြင့် ကျေးရွာနေ ပြည်သူများအနေဖြင့် ရေအခက်အခဲများ ဖြစ်ကြရပါသည်။ ထိုသို့ အခက်အခဲများကို ဖြေရှင်းရန်အတွက် မိမိတို့ သောက်သုံးရန်နှင့် သုံးစွဲရန် ရေများကို ဘေးအနီးဝန်းကျင်မှ ကျေးရွာများရှိ ရေတွင်းများသို့ နွားလှည်းများဖြင့် သွားရောက် ခပ်ယူ သုံးစွဲကြရပါသည်။ ထို့ကြောင့် ထိုရွာသူရွာသားများ အနေဖြင့် အချိန်များကုန်၍ ပင်ပန်းမှု ဒဏ်များခံစားကြရသည်။ ထိုသို့ အခက်အခဲများကို ဖြေရှင်းရန်အတွက် ကျေးရွာအနေဖြင့် ရေတွင်း အသစ် တစ်တွင်း တူးလျှင် ပေငါးရာကျော်တူးဖော်ရာတွင် သိန်းပေါင်း တစ်ရာ့နှစ်ဆယ်ကျော်အထိ ကုန်ကျမည် ဖြစ်သောကြောင့် အခက်အခဲဖြစ်ကြရပါသည်။
ယခုအခါ ထိုအခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီးဖြစ်ပါသည်။ ထိုကျေးရွာရှိ ရွာသူရွာသားများနှင့် မေတ္တာရှင် ဆရာတော်နှင့်အတူ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ စေတနာရှင် အလှူရှင်တို့၏ ပူးပေါင်း ပါဝင်လှူဒါန်းမှုတို့ ဖြင့် မကျီးစု ကျေးရွာရှိ အဝီစိ ရေတွင်း တူးဖော်ဖြင်းလုပ်ငန်းများကို 28-6-2011 ခုနှစ် အင်္ဂါနေ့ နေ့လည်တွင်၊ စတင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သဖြင့် ကျေးရွာသူ၊ ကျေးရွာသားများနှင့်တကွ မကျီးစု ကျေးရွာ ဆရာတော်တို့၏ ဝမ်းသာစရာ ပီတိအပြုံးများကို တွေ့မြင်ကြရပြီ ဖြစ်ပါသည်။ အဆိုပါ စက်ရေတွင်းစတင်ထူးဖော်သော နေ့တွင် မေတ္တာရှင် ဆရာတော်၏ မိန့်ကြားချက်ဖြင့် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ဦးဇင်း ဦးကောဝိဒ ၊ ဘိုသု၊ ကိုလတ် တို့နှင့်အတူ ကျွန်တော်တို့တစ်တွေ မြိုင်မြို့နယ် မကျီးစုကျေးရွာသို့ စစ်ကိုင်းမြို့မှ နေ့ချင်းပြန် သွားရောက်၍ ရေတွင်းစတင်တူးဖော်ခြင်းကို စတင် အကောင်အထည်ဖော်ဆောက်ရွက်ခဲ့ကြပါသည်။ ထိုနေ့ နေ့လည် တစ်နာရီခွဲအချိန်တွင် မကျီးစု ကျေးရွာရွာဦးကျောင်း ဆရာတော်နှင့် ဦးကောဝိဒ တို့မှ နမောတသ သုံးကြိမ် ရွတ်ဆို၍ ရတာငွေမိုးများ ရွာသွန်းပြီး စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို ရေတွင်း စတင်တူးဖော်ရာတွင် ကျေးရွာအတွင်းရှိ ရွာသူရွာသားများမှ ပါဝင်၍ ဝမ်းသာအားရ လုပ်အားပေး ဆောင်ရွက်ခဲ့သည့် အပြင် ရွာသူရွာသားများနှင့် ကျောင်းသူ၊ ကျောင်းသးလေး များမှလည်း ဆရာတော်၏ သြဝါဒကို ခံယူလျက် ပျော်ရွှင်စွာဖြင့် လာရောက် အားပေးကြည့်ရှု့ ခဲ့ပါကြပါသည်။ ထိုရေတွင်း တူးဖော်ခြင်းလုပ်ငန်းသည် ဇူလိုင် ၁၁ ရက်ခန့်တွင် အောင်မြင်စွာ တူးဖော် ပြီးစီးမည်ဖြစ်သည့်အတွက် ထိုနေ့မနက်တွင် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ဆောင်ရွက်လျှက်ရှိသော စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း နှစ်နှစ်ပြည့်အလှူပွဲတွင် အဆိုပါရေတွင်းရေစက်ချပွဲပါ တပါတည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အလှူရှင်များနှင့်တကွ အများပြည်သူများ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်စေရန် အတွက် စက်ရေတွင်းစတင်တူးဖော်ခြင်း မှတ်တမ်း ဓာတ်ပုံလေးများနှင့် တကွ ရေးသား ဖော်ပြပေးလိုက်ရပါသည်။
မကျီးစု ကျေးရွာ အဝင်လမ်းကလေး
ရေအခက်အခဲကြောင့် မိုးတွင်း တွင် ရေအိုင်များမှ ရရှိသော ဤသို့သော ရွံ့ရောင်ပေါက်နေသောရေများဖြင့် အသုံးပြုကြရပုံ
စက်ရေတွင်းတူးဖော်ရင် ပြင်ဆင်ထားသော ရေတွင်းတူးစက်ကြီး
ရေတွင်းတူးဖော်ရန် ရွံ့များဖြင့် နယ်၍ ပြင်ဆင်ထားသော ရွံ့ရေကန်
စတင်ထူးဖော်ရန် ပြင်ဆင်ထားသော တူရွင်း ဒလတ်ကြီး
မကျီးစုရွာ ကျောင်းဆရာတော်နှင့် ဦးကောဝိဒ တို့မှ နမောတသ သုံးကြိမ်ရွတ်ဆိုနေစဉ်
ကျောင်းသူကျောင်းသားလေးများနှင့် ရွာသူရွာသားများမှလည်း နမောတသ သုံးကြိမ်ရွတ်ဆိုကြစဉ်
စတင်တူးဖော်နေစဉ်
ရွာသားများမှ လုပ်အားပေးနေကြပုံ
ရွာသူရွာသားများ၏ ပီတိ အပြုံး ။ ကလေးလေးကပြောနေတယ် ငါတို့ကြီးရင် ရေကို ဖောဖောသီသီ သုံးလို့ရပြီကွတဲ့ .. :)
စက်ဖြင့် တူးဖော်လိုက်သောအခါ ပြန်မှုတ်ထုတ်လိုက်သော ရွံ့ရေများမှ ကျောက်ဖြုန်းလေးများကို စကာခြင်းလေးများဖြင့် ဆယ်ယူနေပုံ။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
လူဖြစ်ရခြင်း၏ ရည်ရွယ်ချက်
အဓိကရည်ရွယ်ချက်ကို
မသိသော ပညာမဲ့သည်
လူ့ဘဝကို
ကာမဂုဏ်ခံစားဖို့အတွက်အသုံးချ၍
အပါယ်လေးပါးသို့သွားသည်။
လူဖြစ်ရခြင်း၏
အဓိကရည်ရွယ်ချက်ကို
သိသောပညာရှိသည်
လူ့ဘဝကို ကုသိုလ်ရဖို့အတွက်
အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊
ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မူ ...
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်...။
MM Time
Categories
- ကဗျာလေးများ (35)
- ဓမ္မစာစုလေးများ (34)
- ဆောင်းပါးလေးများ (34)
- အထွေထွေလေးများ (26)
- ဟာသလေးများ (25)
- နည်းပညာလေးများ (22)
- ဒဿနစာစုလေးများ (20)
- နှလုံးသား အာဟာရ (20)
- Downloads (18)
- လောကနီတိ (15)
- ပုံပြင်လေးများ (13)
- မြန်မာ E-Book များ (9)
- ခံစားမှု စာစုလေးများ (7)
- တဂ်ပို့စ် (1)
ဧည့်သည်မှတ်တမ်းလေးပါ။
ကလစ်နှိပ်ပြီးအစာကျွေးနော်
နည်းပညာ ဘလော့လေးများ
- 8 hours ago
-
- Rainlendar 2.9 Beta 10920 hours ago
- Blogger: Customize Home-Page Post#1 day ago
- Review myself1 day ago
-
-
- Microsoft word viewer(free ware)3 days ago
-
- ပေါပါဘိ အဘိဓာန်1 week ago
-
-
- Microsoft Word to PDF5 weeks ago
-
- Bought Zombyard.Net1 month ago
- Forward mail တွေ မပို့ကြပါနဲ့2 months ago
-
-
- PC world magazine 2011 April3 months ago
- ဘလော့ရေးခြင်းမှ ရပ်နားခြင်း8 months ago
- Free and useful Image Resizer8 months ago
-
- Developing Windows 7 Gadget9 months ago
- Hacker Highschool1 year ago
- မောင်ညီညီ အိမ်ပြောင်းခြင်း1 year ago
- Windows Movie Maker For Windows 7 OS1 year ago
-
- Home2 years ago
-
-
-
-
ဓမ္မဆိုဒ်ကလေး များ
-
-
-
- တိပိဋက ရှာဖွေရန်3 days ago
- မေ့လျော့မှု 'ပမာဒ'ကို ပယ်ရန်...6 days ago
-
-
- “ဇွန်” လရဲ့ ပုံရိပ်များ (၂၀၀၉)1 week ago
-
-
- တဏှာက ရောက်ရာမှာပျော်သည်1 month ago
-
- နိုဝင်ဘာ တရားပွဲ သတင်း(၂၀၁၀)1 year ago
- ထားဝယ်ရူကွက်1 year ago
- မြတ်စွာဘုရားရှင် မိန့်တော်မူသည်မှာ...2 years ago
-
-
-
-
-
-
-
-
-
-
-
ဖတ်စရာ သူတို့စာတွေ
-
-
- I Love You9 hours ago
- ပျော်ရွှင်ခြင်းငှက်ကလေး..13 hours ago
-
- အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၉)21 hours ago
-
-
- အောင်ဆန်းကဗျာ အောင်ဆန်းသီချင်း1 day ago
-
- မမေ့တဲ့နိုင်1 day ago
- မိုးနှင့်တူသောလူသားများ2 days ago
- ကျွန်မနှင့် ကျွန်မ၏ ချစ်သူများ2 days ago
-
-
-
-
- စိတ်ဖိအားဖြည်လျော့နည်း(၁ဝ)နည်6း days ago
- မွေးနေ့အားဆေး1 week ago
- ကြက်ဆီပြန် ၀က်သားနီလန်1 week ago
- အမှတ်တရ (အပိုင်း- ၂)1 week ago
- ခေတ်ရဲ့ပြဇာတ်1 week ago
-
- အစာအိမ်ရောဂါပျောက်ဆေးများ1 week ago
-
-
- မှတ်ဥာဏ်နှုန်းထားက ဘယ်အသက်အဆင့်လဲ2 weeks ago
- စိတ်ငြိမ်းချမ်းမှုရရှိဖို့ အခြေခံအချက်များ2 weeks ago
- ကွန်ဒိုအိပ်မက်2 weeks ago
- ကမ္ဘာပျက်မယ့်နောက်ဆုံးနေ့(၂၀၁၂)2 weeks ago
- စာပေဟောပြောပွဲမျာ3း weeks ago
- သူတော်ကောင်းလက္ခဏာ(၁၂)ပါ3း weeks ago
- တွေးမိသော အကြောင်း4 weeks ago
- မဆုံးသော မှတ်တိုင်များ4 weeks ago
- `` ထီ ``2 months ago
- နှုတ်ဆက်ချိန်2 months ago
- လတ်တလော စိတ်ဆန္ဒများ (တဂ်)2 months ago
- မှန်းဆရော်ရည်... အညာဌာနီ.(၄)4 months ago
- ကကြီးရေ က4 months ago
- စားသောက်ဆိုင်စာရင်း ဘယ်လိုစစ်မလည်း(၁)8 months ago
-
မဂ္ဂဇင်း နှင့် ဂျာနယ်
-
- အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၆၂6 days ago
-
-
- Entertainment2 years ago
-
-
-
-
-
-
-
-
-
-
-
Recent Comments
To Contact Me
visitor list
- 2010 မိုးကောင်းကင်
- Powered by Blogger
- Blogger Templates created by Deluxe Templates
- CSS by Skyrocketlabs
Subscribe to:
Posts (Atom)